Better Combo ငှားရမ်းဝယ်ယူခြင်း အစီအစဥ်၏ စည်းမျဥ်းစည်းကမ်းများ 

ဖော်ပြပါ စည်းမျဥ်းစည်းကမ်းများသည် Better Combo ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အား အသုံးပြုခြင်းအတွက် သက်ဆိုင်ပါသည်။  

ကျွန်ုပ်တို့သည် ဤစည်းမျဥ်းစည်းကမ်းများတွင် ဖော်ပြပါ အသုံးအနှုန်းများအား အပြန်အလှန် အသုံးပြုမည်ဖြစ်ပြီး အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်သည်။ 

     

      • Better/ Better by Yoma/ Better Combo နှင့် Better by Yoma ကို ကျွန်ုပ်တို့/ ကျွန်ုပ်တို့ကို/ ကျွန်ုပ်တို့၏ ဟူသောအသုံးအနှုန်းများဖြင့် အပြန်အလှန် အသုံးပြုမည်။  

      • ဝန်‌ဆောင်မှုအသုံးပြုသူသည် သင်သည် ဝန်ဆောင်မှုအား အသုံးပြုသူအဖြစ် ကိုယ်စားပြုရာတွင် အပြန်အလှန်အသုံးပြုမည်။ 

      • ငှားရမ်းဝယ်ယူမှု အစီအစဥ်/ Better Combo ငှားရမ်းဝယ်ယူမှုအစီအစဥ်/ အစီအစဥ်သည် ငှားရမ်းဝယ်ယူခြင်း ပရိုဂရမ်အား ကိုယ်စားပြုသည်။ 

      • ပစ္စည်းများသည် ငှားရမ်းဝယ်ယူခြင်း အစီအစဥ်ရှိ ပစ္စည်းများအား ကိုယ်စားပြုသည်။  

    ၁။ အရည်အချင်းပြည့်မီခြင်း

    ၁-၁။ Better မှ သတ်မှတ်ထားသော ခရစ်ဒစ် စံနှုန်းများအကဲဖြတ်မှုနှင့် အခြားအရည်အချင်းပြည့်မီမှုများပေါ်မူတည်၍ အသက် ၁၈ နှစ်နှင့်အထက် တစ်ဦးချင်းစီတိုင်းသည် Better Combo ငှားရမ်းဝယ်ယူခြင်း အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။ 

    ၁-၂။ Better by Yoma သည် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များကို ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း ပြင်ဆင်ပိုင်ခွင့်ကို လက်ဝယ်ရှိပါသည်။ 

    ၂။ စာရင်းသွင်းခြင်း

    ၂-၁။ Better Combo ငှားရမ်းဝယ်ယူခြင်း အစီအစဥ်မှ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် တစ်ဦးချင်းစီသည် အဖွဲ့ဝင်အဖြစ် Better Combo ဝက်ဘ်ဆိုက်တွင် စာရင်းသွင်းရန်လိုအပ်ပါသည်။  

    ၂-၂။ Better by Yoma သည် ၎င်း၏ဆုံးဖြတ်ချက်အတိုင်း အကောင့်လျှောက်ထားခြင်းကို ငြင်းဆိုပိုင်ခွင့်ရှိသည်။  

    ၂-၃။ အသုံးပြုသူသည် အဖွဲ့ဝင်အဖြစ် အတည်ပြုခြင်းခံထားရပြီးပါကလည်း Better by Yoma သည် ၎င်း၏ဆုံးဖြတ်ချက်အတိုင်း အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။  

    ၃။ အဖွဲ့ဝင်ခြင်း

    ၃-၁။ သင်၏ Better အဖွဲ့ဝင်ခြင်းသည် အမြဲတည်ရှိနေမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ဖြင့် အဖွဲ့ဝင်အဖြစ်မှ အချိန်မရွေး ပယ်ဖျက်နိုင်မည်ဖြစ်သည်။  

    ၃-၂။ သင်သည် Better ငှားရမ်းဝယ်ယူခြင်းအစီအစဥ်မှ ပစ္စည်းများကို ၀ယ်ယူရန် Better အဖွဲ့၀င်အကောင့်ကို အသုံးပြုပြီး လျှောက်ထားနိုင်သော်လည်း အစီအစဥ်မှ တစ်ဆင့် ငှားရမ်း၀ယ်ယူခြင်း အတည်ပြုချက် ရရှိနိုင်ခြင်း ရှိ/မရှိကို အာမ မခံပါ။ 

    ၃-၃။ သင်၏ Better Combo အကောင့်ကို သင်တစ်ယောက်တည်းသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူများနှင့် မျှဝေသုံးစွဲခွင့်မရှိပါ။ အကယ်၍ သင်၏အကောင့်အား အခြားသူတစ်ဦးမှ အသုံးပြုနေသည်ဟု သံသယရှိပါက ကျွန်ုပ်တို့အား ချက်ချင်းဆက်သွယ် အကြောင်းပေးရန် လိုအပ်ပါသည်။  

    ၃-၄။ သင်၏ Better အဖွဲ့ဝင်အကောင့်အောက်ရှိ မှာယူမှုများ အားလုံးသည် သင်နှင့်သက်ဆိုင်သည်။  

    ၄။ လျှောက်လွှာတင်ခြင်း လုပ်ငန်းစဥ်

    ၄-၁။ ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အား လျှောက်ထားနိုင်ရန်အတွက် ဝန်ဆောင်မှုအသုံးပြုသူသည် အွန်လိုင်းလျှောက်လွှာကို တိကျစွာဖြည့်သွင်းပြီး လိုအပ်သည့် အချက်အလက်အားလုံးကို ပေးဆောင်ရမည်ဖြစ်သည်။ 

    ၄-၂။ Better by Yoma သည် ငှားရမ်းဝယ်ယူခြင်း လျှောက်ထားမှုကို အချက်အလက်မပြည့်စုံခြင်း သို့မဟုတ် ပြန်လည်ပေးဆပ်နိုင်ခြင်းစံနှုန်းများ ပြည့်မီမှုမရှိခြင်းအပါအဝင် အခြားသော မည်သည့်အကြောင်းအရင်းကြောင့်မဆို လျှောက်လွှာအား ငြင်းပယ်ပိုင်ခွင့်ရှိသည်။ 

    ၄-၃။ ကျွန်ုပ်တို့၏ ပစ္စည်းထောက်ပံ့သူများသည် ပစ္စည်းမရရှိနိုင်ပါက လျှောက်လွှာအား ငြင်းပယ်မည်ဖြစ်ပြီး ကျွန်ုပ်တို့မှ တူညီသော သတ်မှတ်ချက်များအတွင်း သင်ငှားရမ်းဝယ်ယူနိုင်မည့် ပစ္စည်းကို သင့်အား သိရှိစေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပစ္စည်းထောက်ပံ့သူမှ ငြင်းပယ်ပါက ဝန်‌‌ဆောင်ခနှင့် ကနဦးပေးချေငွေများကို သင့်အား ပြန်လည်အမ်းပေးသွားမည်ဖြစ်သည်။  

    ၅။ ငှားရမ်းဝယ်ယူခြင်း နည်းလမ်းများ

    ၅-၁။ Better Combo ငှားရမ်းဝယ်ယူခြင်း အစီအစဥ်သည် ရွေးချယ်နိုင်သော စရန်ငွေနှုန်းထားများနှင့် ငွေပေးချေမှုနည်းလမ်းများဖြင့် ကမ်းလှမ်းထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြောင်းလဲခြင်းမျိုး လုပ်ဆောင်နိုင်သည်။ သို့သော် ထိုပြောင်းလဲမှုများသည် လက်ရှိ အသက်ဝင်နေသော ငှားရမ်းဝယ်ယူခြင်းများနှင့် လုပ်ဆောင်လျက်ရှိသော ငှားရမ်းဝယ်ယူခြင်းများတွင် သက်ရောက်မည် မဟုတ်ပါ။  

    ၅-၂။ ဝန်ဆောင်မှုအသုံးပြုသူသည် ရရှိနိုင်သော ငှားရမ်းဝယ်ယူခြင်း နည်းလမ်းများအား လျှောက်လွှာတင်ခြင်း လုပ်ငန်းစဥ် လုပ်ဆောင်နေစဥ်အတွင်း ရွေးချယ်နိုင်မည်ဖြစ်သည်။ 

    ၅-၃။ Better Combo ငှားရမ်းဝယ်ယူခြင်း အစီအစဥ်တွင် ရရှိနိုင်သော ပစ္စည်းများကို Better by Yoma မှ သီးသန့်ရွေးချယ်ထားပါသည်။ Better by Yoma မှ ကြိုတင်သတိပေးချက်မရှိဘဲ ပစ္စည်းကမ်းလှမ်းမှုများကို အချိန်မရွေး မွမ်းမံခြင်းနှင့် ပြောင်းလဲရန်အခွင့်အရေးများ လက်ဝယ်ရှိသည်။  

    ၆။ လစဥ်ငွေပေးချေမှု သတ်မှတ်ချက်များ

    ၆-၁။ ဝန်ဆောင်မှုအသုံးပြုသူများသည် ရွေးချယ်ထားသော ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အလျောက် လစဥ်ငွေပေးချေမှုများအား ပြုလုပ်မည်ကို သဘောတူလက်ခံထားပါသည်။ 

    ၆-၂။ ငွေပေးချေမှုနောက်ကျခဲ့ပါက ထပ်ဆောင်းအခကြေးငွေများ၊ ပြစ်ဒဏ်ကြေးများ၊ ငှားရမ်း၀ယ်ယူထားသောပစ္စည်း၏ လုပ်ဆောင်နိုင်စွမ်းများဆုံးရှုံးခြင်း၊ အများသူငှာကြေငြာချက်များနှင့် အာဏာပိုင်များထံ အစီရင်ခံခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ 

    ၇။ ငှားရမ်းခ နှုန်းထားများ

    ၇-၁။ ငှားရမ်းခ နှုန်းထားများသည် လျှောက်လွှာတင်ခြင်း လုပ်ဆောင်နေစဥ်အတွင်းတွင် ဝန်ဆောင်မှုအသုံးပြုသူများအား ရှင်းလင်းစွာ သိရှိစေမည်ဖြစ်သည်။ 

    ၇-၂။ ငှားရမ်းခ နှုန်းထားများသည် ပြန်လည်ပေးဆပ်နိုင်ခြင်းစံနှုန်းများနှင့် ရွေးချယ်ခဲ့သော ပြန်ဆပ်အစီအစဥ်များပေါ် အခြေခံ၍ ပြောင်းလဲနိုင်ပါသည်။ 

    ၇-၃။ ငှားရမ်းခနှုန်းထားများသည် Better by Yoma မှ သတ်မှတ်ထားခြင်းဖြစ်ပြီး ဝန်ဆောင်မှုအသုံးပြုသူများသည် ထိုနှုန်းထားများအား အငြင်းပွားခြင်း သို့မဟုတ် ပြောင်းလဲရန် တောင်းဆိုခြင်းများ မပြုလုပ်နိုင်ပါ။  

    ၈။ ငွေတောင်းခံခြင်းနှင့် ရှင်းတမ်းများ

    ၈-၁။ ဝန်ဆောင်မှု အသုံးပြုသူများသည် လက်ကျန်ပေးရန် ကျန်ရှိငွေများ၊ သတ်မှတ်ရက်စွဲများနှင့်သက်ဆိုင်သည့် ကျသင့်ငွေများအား ဖော်ပြထားသည့် ပုံမှန်ငွေပေးချေမှု ရှင်းတမ်းများကို Better ဝက်ဘ်ဆိုက်၊ SMS သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ရရှိနိုင်ပါသည်။  

    ၈-၂။ ဝန်‌ဆောင်မှုအသုံးပြုသူများသည် တိကျမှန်ကန်မှုအတွက် ရှင်းတမ်းများကို ပြန်လည်သုံးသပ်ရန်နှင့် ကွဲလွဲမှုများ ရှိပါက Better by Yoma သို့ အကြောင်းကြားရန် လိုအပ်ပါသည်။ 

    ၈-၃။ ငွေတောင်းခံလွှာပြေစာ သို့မဟုတ် ရှင်းတမ်းရရှိပြီး မည်သို့ပင်ဆိုစေကာမူ ဝန်ဆောင်မှု အသုံးပြုသူသည် ငှားရမ်းဝယ်ယူမှု သ‌ဘောတူညီချက်အရ လစဥ်ပြန်ဆပ်ငွေအား ပေးချေရမည်ဖြစ်သည်။  

    ၉။ ငွေပေးချေရန် နောက်ကျခြင်း

    ၉-၁။ ငွေပေးချေရန် နောက်ကျခြင်းသည် နောက်ကျကြေးငွေများ၊ ငှားရမ်းခနှုန်းများ မြင့်တက်ခြင်း၊ ငှားရမ်းဝယ်ယူထားသော ပစ္စည်း၏လုပ်ဆောင်ချက်အား အဝေးမှတစ်ဆင့် အသုံးပြုမှုရပ်ဆိုင်းခြင်းနှင့် ဝန်ဆောင်မှုအသုံးပြုသူ၏ ပြန်လည်ပေးဆပ်နိုင်မှုရမှတ်အပေါ် အပျက်‌သဘောဆောင်ခြင်းတို့ သက်ရောက်စေနိုင်သည်။ 

    ၉-၂။ Better by Yoma သည် သတ်မှတ်ရက်ကျော်လွန်နေသော အကောင့်များထံမှ လစဉ်ပြန်ဆပ်ငွေ ကောက်ခံခြင်းများလုပ်ဆောင်ခြင်းကို ပြုလုပ်နိုင်သည်။ 

    ၉-၃။ သင်၏ ငွေပေးချေရန်နောက်ကျနေခြင်း အကြောင်းအား ကျွန်ုပ်တို့သည်အများသူငှာ သတင်းစာနှင့် လူမှုကွန်ရက်တို့တွင် လူသိရှင်ကြား ကြေငြာနိုင်သည်။  

    ၉-၄။ ကျွန်ုပ်တို့၏ ပစ္စည်းအား ပြန်လည်သိမ်းယူနိုင်ရန်အတွက် အာဏာပိုင်များထံသို့ သင့်အား တိုင်ကြားနိုင်ပါသည်။ 

    ၁၀။ ပြန်ဆပ်ငွေ စောစောပေးသွင်းခြင်း

    ၁၀-၁။ ဝန်ဆောင်မှုအသုံးပြုသူများသည် အပိုထပ်ဆောင်း အခကြေးငွေများပေးရန် မလိုအပ်ဘဲ ပြန်ဆပ်ငွေ စောစောပေးသွင်းခြင်းအား လုပ်ဆောင်နိုင်ပါသည်။ 

    ၁၀-၂။ ပြန်ဆပ်ငွေအား စောစောပေးသွင်းခြင်းကြောင့် ငှားရမ်းခများ လျော့ချပေးခြင်းမရှိပါ။ 

    ၁၀-၃။ ပြန်ဆပ်ငွေအား စောစောပေးသွင်းခြင်းကြောင့် ဝန်ဆောင်ခအား ပြန်အမ်းမည်မဟုတ်ပါ။  

    ၁၁။ ဖျက်သိမ်းခြင်း

    ၁၁-၁။ သင်၏ Better အကောင့်အား ဖျက်သိမ်းခြင်း ပြုလုပ်ရန်အတွက် hello@better.com.mm မှတစ်ဆင့် ‌တောင်းဆိုနိုင်သည်။

    ၁၁-၂။ သင်၏ Better ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အား ကျွန်ုပ်တို့၏ ပစ္စည်းထောက်ပံ့သူများထံတွင် ပစ္စည်းအား သွားရောက်ထုတ်ယူခြင်းမပြုလုပ်မီတွင် ဖျက်သိမ်းနိုင်ပါသည်။ 

    ၁၁-၃။ ပစ္စည်းအား သွားရောက်ထုတ်ယူခြင်း ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ ငှားရမ်းဝယ်ယူမှု အစီအစဥ်သည် စတင်အသက်ဝင်မည်ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်မဆို ငှားရမ်းဝယ်ယူမှုအား ဖျက်သိမ်းခွင့်မရှိပါ။ ပစ္စည်းသည် စက်ရုံအမှားကြောင့် ချို့ယွင်းခဲ့ပါက ပစ္စည်းထောက်ပံ့သူသည် သတ်မှတ်ထားသော အာမခံသက်တမ်းကာလအတွင်းတွင် ၀န်ဆောင်မှုပေးမည်ဖြစ်သည်။  

    ၁၁-၄။ သင့်တွင် လက်ရှိအသက်ဝင်နေသော ငှားရမ်းဝယ်ယူခြင်း နှင့်/သို့မဟုတ် သင့်အကောင့်တွင် ပေးရန်ကျန်ရှိငွေများရှိပါက ကျွန်ုပ်တို့သည် သင်၏ အကောင့်ဖျက်သိမ်းခြင်းတောင်းဆိုချက်အား ငြင်းပယ်မည်ဖြစ်သည်။  

    ၁၁-၅။ ဖျက်သိမ်းခြင်းလုပ်ငန်းစဥ်တွင် လက်ရှိငှားရမ်းဝယ်ယူမှု ပြုလုပ်ထားသော မှာယူမှုသည် လုပ်ဆောင်နေဆဲ အဆင့်တွင်ရောက်ရှိနေပါက ပေးချေပြီးသော ဝန်ဆောင်ခကို ပြန်အမ်းမည်မဟုတ်ပါ။ သို့သော် စရန်ငွေအား ပြန်လည်အမ်းပေးသွားမည်ဖြစ်သည်။  

    ၁၂။ ပစ္စည်းပိုင်ဆိုင်မှု

    ၁၂-၁။ ငှားရမ်းဝယ်ယူထားသော ပစ္စည်းအား ပိုင်ဆိုင်နိုင်ရန်အတွက် နောက်ဆုံးပေးသွင်းရမည့် လစဥ်ပြန်ဆပ်ငွေနှင့် လက်ကျန်တန်ဖိုးအား ပေးချေရန်လိုအပ်ပါသည်။ 

    ၁၂-၂။ ငွေပေးချေမှုနောက်ကျခြင်း သို့မဟုတ် ပြန်ဆပ်ခြင်းမရှိပါက Better by Yoma သည် ပိုင်ဆိုင်ခွင့်အား ပြန်လည်ရပိုင်ခွင့်ရှိသည်။  

    ၁၂-၃။ ဝန်ဆောင်မှုအသုံးပြုသူသည် Better ၏သဘောတူညီချက်မပါရှိဘဲ ပစ္စည်းအား ပြန်လည်ငှားရမ်းခြင်း မပြုလုပ်နိုင်ပါ။ ဝန်ဆောင်မှုအသုံးပြုသူမှ ပြန်လည်ငှားရမ်းခြင်းမျိုးပြုလုပ်ပါက Better သည် ပစ္စည်းအား ပြန်လည်သိမ်းယူရန်နှင့် သဘောတူညီချက်ကိုရပ်စဲရန် မည်သည့်လုပ်ဆောင်ချက်ကိုမဆို လုပ်ဆောင်မည်ဖြစ်သည်။ 

    ၁၃။ အကောင့်ရပ်စဲခြင်းနှင့် ပြန်ဆပ်ရန် ပျက်ကွက်ခြင်း

    ၁၃-၁။ ပြန်ဆပ်ငွေ ပေးချေမှုမပြုလုပ်ခြင်း၊ မှားယွင်းသော အချက်အလက်များဖြင့်လျှောက်ထားခြင်း သို့မဟုတ် ဤဖော်ပြပါ စည်းမျဥ်းစည်းကမ်းများအား ချိုးဖောက်ခြင်းများဖြစ်ပေါ်လာပါက Better by Yoma သည် ငှားရမ်းဝယ်ယူခြင်းဆိုင်ရာ သဘောတူညီချက်အား ရပ်စဲမည်ဖြစ်သည်။ 

    ၁၃-၂။ သဘောတူညီချက်အား ရပ်စဲပြီးနောက် Better by Yoma သည် ကျန်ရှိနေသော လစဥ်ပေးချေရန်ငွေများအား ပြန်လည်ရရှိရန် ဥပဒေအတိုင်းလုပ်ဆောင်မည်ဖြစ်ပြီး ငှါးရမ်းဝယ်ယူထားသော ပစ္စည်း၏လုပ်ဆောင်ချက်အား အဝေးမှတစ်ဆင့် အသုံးပြုမှုရပ်ဆိုင်းခြင်းအလိုအလျောက် ပိတ်လိုက်မည်ဖြစ်သည်။  

    ၁၃-၃။ သဘောတူညီချက်အောက်တွင် သင်၏အကောင့်အား ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် လိမ်လည်အသုံးပြုနေသည်ဟု သံသယရှိပါက ကျွန်ုပ်တို့သည် အကောင့်အား ဆိုင်းငံ့ထားမည်ဖြစ်ပြီး ကျန်ရှိနေသော လစဥ်ပြန်ဆပ်ငွေအားလုံးအား တစ်ပြိုင်နက်တည်းပေးဆောင်ရန် သင့်တွင် တာဝန်ရှိသည်။  

    ၁၃-၄။ အခြားနည်းလမ်းကျပြီး တရားမျှတသော အကြောင်းများ ရှိပါကလည်း ကျွန်ုပ်တို့သည် သင့်အကောင့်ကို ရပ်စဲပြီး ဆိုင်းငံ့ထားနိုင်သည်။ 

    ၁၄။ Knox Guard

    ၁၄-၁။ Better ငှားရမ်းဝယ်ယူခြင်းအစီအစဥ် အောက်တွင်ရှိသော ပစ္စည်းများသည် Knox Guard လုံခြုံရေးစနစ်ဖြင့် ကာကွယ်ထားသည်။  

    ၁၄-၂။ မည်သည့်အခြေအနေမျိုးတွင်မဆို ဝန်ဆောင်မှုအသုံးပြုသူများသည် Knox Guard စနစ်အား ပိတ်ရန်၊ ဖြုတ်ရန် ကြိုးစားခြင်းနှင့် စနစ်အား ကျော်ဖြတ်ရန် ခွင့်မပြုပါ။ အကယ်၍ ဝန်ဆောင်မှုအသုံးပြုသူသည် ဤအပိုဒ်ပါ စည်းကမ်းချက်များအား ဖောက်ဖျက်ခြင်းတွေ့ရှိပါက ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက် ပျက်ပြယ်သည်ဟု ယူဆမည်ဖြစ်ပြီး Better သည် ပစ္စည်း၏ လုပ်ဆောင်ချက်အား အဝေးမှတစ်ဆင့် အသုံးပြုမှုရပ်ဆိုင်းစေရန် လောခ့်ချလိုက်ပြီး ပစ္စည်းအား ပြန်လည်သိမ်းယူမည်ဖြစ်သည်။ 

    ၁၄-၃။ Better မှ ဝန်ဆောင်မှုများအား အသုံးပြုခြင်းအားဖြင့် သင်သည် ကျွန်ုပ်တို့အား စက်ပစ္စည်း၏လုပ်ဆောင်ချက်ကို အဝေးမှထိန်းချုပ်နိုင်စေရန်နှင့် သင်၏ခွင့်ပြုချက်မရှိဘဲ ပစ္စည်းတွင် ဆော့ဖ်ဝဲ(များ) ကို ကျွန်ုပ်တို့အား ထည့်သွင်းပိုင်ခွင့် ပေးထားကြောင်းကို သင်သဘောတူပါသည်။  

    ၁၄-၄။ Better ၏ ငှားရမ်းခြင်းအစီအစဥ်တွင် ပါဝင်ခြင်းအားဖြင့် ဝန်ဆောင်မှုအသုံးပြုသူသည် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်နှင့် စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ပါက Better သည် ပစ္စည်း၏လုပ်ဆောင်ချက်အား အဝေးမှတစ်ဆင့် ပိတ်လိုက်မည်ဖြစ်ပြီး ပစ္စည်းသည် လော့ခ်ကျသွားမည်ဖြစ်သည်။  

    ၁၅။ မူဝါဒနှင့် လုံခြုံ‌ရေး

    ၁၅-၁။ Better by Yoma မှသုံးစွဲသူအချက်အလက်များကို သက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာဥပဒေများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ပါသည်။ 

    ၁၅-၂။ Better တွင် အဖွဲ့ဝင်အဖြစ်လျှောက်ထားရာတွင် ကျွန်ုပ်တို့အား ပေးထားသော အီးမေးလ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်သို့ အီလက်ထရွန်နစ်ဆက်သွယ်ရေး လုပ်ဆောင်ခြင်းကို သင့်အနေဖြင့် ခွင့်ပြုပါသည်။ ကျွန်ုပ်တို့သည် သင့်အား Better အကောင့်အချက်အလက်များ၊ ငှားရမ်းဝယ်ယူခြင်း အချက်အလက်များ၊ လစဥ် ရှင်းတမ်းများ၊ သတိပေးချက်များ၊ ဤစည်းမျဥ်းစည်းကမ်း နှင့် ငှားရမ်းဝယ်ယူမှု သဘောတူညီချက် အောက်တွင်ရှိသော သို့မဟုတ် စပ်လျဥ်းသော အခြားလိုအပ်သော ဆက်သွယ်ခြင်းများ (စာရွက်ပုံစံဖြင့် ဥပဒေအရလိုအပ်သော ဆက်သွယ်ခြင်းများအပြင်) အတွက် အီးမေးလ် သို့မဟုတ် စာတိုများအား ပေးထားသော အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်အား ဆက်သွယ်ပေးပို့မည်ကို သဘောတူညီပါသည်။  

    ၁၅-၃။ သင်၏ အမည်၊ လိပ်စာ၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များ အပြောင်းအလဲရှိပါက ကျွန်ုပ်တို့အား ချက်ချင်း အသိပေး အကြောင်းကြားရမည်ဖြစ်သည်။ ထိုပြောင်းလဲမှုများအတွက် ကျွန်ုပ်တို့မှ အကျိုးအကြောင်းဆီလျော်စွာ တောင်းဆိုနိုင်သော အထောက်အထားတစ်ခုခု အား ပေးဆောင်နိုင်ရမည်။  

    ၁၅-၄။ ဤစည်းမျဥ်းစည်းကမ်းများနှင့်စပ်လျဥ်း၍ သင်နှင့် ကျွန်ုပ်တို့ကြား ဆက်သွယ်မှု အားလုံးနှင့် ငှားရမ်းဝယ်ယူမှု သဘောတူညီချက်များသည် မြန်မာနှင့် အင်္ဂလိပ် နှစ်မျိုးလုံးဖြစ်ရမည်ဖြစ်ပြီး အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက အင်္ဂလိပ်ဘာသာသည် အကျုံးဝင်ပါသည်။  

    ၁၆။ ကိုယ်ရေးအချက်အလက်များ အသုံးပြုခြင်း

    ၁၆-၁။ Better သည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူမှု သဘောတူညီချက်တွင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်ရန် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြု၍ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများအား ထောက်ပံ့ပေးနိုင်ရန်အတွက် သင်၏အချက်အလက်များအား ကျွန်ုပ်တို့၏ မိတ်ဖက်များ၊ ပစ္စည်းထောက်ပံသူများနှင့် အခြားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် မျှဝေပြီး အတည်ပြုနိုင်ပါသည်။  

    ၁၆-၂။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုအသုံးပြုသူ ခွဲခြမ်းစိတ်ဖြာမှု၊ ပြန်လည်ပေးဆပ်နိုင်စွမ်းအကဲဖြတ်မှု၊ စျေးကွက်ရှာဖွေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို လုပ်ဆောင်ရန် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား စီမံဆောင်ရွက်ပါသည်။  

    ၁၆-၃။ ကျွန်ုပ်တို့သည် သင်၏ဝန်ဆောင်မှု တောင်းဆိုချက်များအား လုပ်ဆောင်ရန်အတွက် ရွေးချယ်ထားသော မိတ်ဖက်ပါတနာများထံသို့ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လွှဲပြောင်းပေးခြင်း၊ နောက်ကျငွေပြန်ဆပ်ခြင်းနှင့် ပြန်ဆပ်ရန် ပျက်ကွက်ခြင်းတို့အတွက် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အာဏာပိုင်များထံ လွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ပါသည်။  

    ၁၇။ စည်းမျဥ်းများ ပြင်ဆင်ခြင်း

    ၁၇-၁။ Better by Yoma သည် ဝန်ဆောင်မှုအသုံးပြုသူများအား အကြောင်းကြားခြင်းမရှိဘဲ ဤစည်းမျဥ်းစည်းကမ်းများကို ပြင်ဆင်ရန် အခွင့်အရေး လက်ဝယ်ရှိသည်။ 

    ၁၇-၂။ Better by Yoma ငှားရမ်းဝယ်ယူခြင်း အစီအစဥ်တွင် ဆက်လက်ပါဝင်နေခြင်းသည် ပြင်ဆင်ထားသော စည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်သည်။ 

    ၁၈။ အဆင်မပြေမှုများ

    ၁၈-၁။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား တစ်စုံတစ်ရာကြောင့် မကျေနပ်မှုများ ရှိပါက hello@better.com.mm သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့မှ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါမည်။

    ၁၉။ တာဝန်

    ၁၉-၁။ ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက် များအောက်တွင်ရှိသော သင်၏ ရပိုင်ခွင့် သို့မဟုတ် တာဝန်များကို ကျွန်ုပ်တို့၏ ကြိုတင်ရေးသားထားသော သဘောတူညီချက်မပါဘဲ တစ်ဦးတစ်ယောက်သို့ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်းမပြုလုပ်နိုင်ပါ။ ကျွန်ုပ်တို့သည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်များ အောက်တွင်ရှိသော ကျွန်ုပ်တို့၏ ရပိုင်ခွင့် သို့မဟုတ် တာဝန်များကို သင့်အားအသိမပေးပဲ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်း ပြုလုပ်နိုင်သည်။ အဆိုပါ လွှဲပြောင်းမှုသည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်များ အောက်တွင်ရှိသော သင့်ရပိုင်ခွင့်များနှင့် တာဝန်များကို မပြောင်းလဲစေဘဲ ထိခိုက်ခြင်းမရှိပါ။  

    ၂၀။ အုပ်ချုပ်ရေး ဥပဒေ

    ၂၀-၁။ ဤသဘောတူညီချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေနှင့်အညီ ‌ဆောင်ရွက်မည်ဖြစ်သည်။ 

    ၂၀-၂။ ဤသဘောတူညီချက်မှ ဖြစ်ပေါ်လာသည့် သို့မဟုတ် ဆက်စပ်သည့် အငြင်းပွားမှုများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများနှင့်အညီ ဖြေရှင်းမည်ဖြစ်သည်။ 

    ၂၁။ အထွေထွေရေးရာ

    ၂၁-၁။ အတိအလင်း သို့မဟုတ် အဓိပ္ပါယ်သက်ရောက်စေရန် ရည်ရွယ်ခြင်းတို့ဖြင့် ဖော်ပြထားသော ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအားလုံးသည် ဤသဘောတူညီချက်ကို ရပ်စဲပြီးနောက် ဆက်လက်၍ အသက်ဝင်စေမည့် သက်ရောက်မှုသည် အပြည့်အဝရှိနေမည်။  

    ၂၁-၂။ ဤ စည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်သည် ဖော်ပြထားခြင်းမရှိပါက ဥပဒေအရ အဓိပ္ပာယ်သက်ရောက်သော မည်သည့်ဝေါဟာရကိုမျှ ထိခိုက်ခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းမပြုပါ။  

    ၂၁-၃။ အကယ်၍ ဤစည်းမျဥ်းစည်းကမ်များနှင့် ငှားှားရမ်းဝယ်ယူခြင်းသဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအား လိုက်နာခြင်းမရှိပါက ၎င်းသည် အခြားစည်းမျဥ်းစည်းကမ်းများ လိုက်နာနိုင်မှုအပေါ်တွင် သက်ရောက်မှုမရှိပါ။  

    ပရိုဂရမ်တွင် ပါဝင်ခြင်းဖြင့် ဝန်ဆောင်မှုအသုံးပြုသူများသည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်ကို လိုက်နာရန် သဘောတူညီသည်။ Better by Yoma သည် ဤနေရာတွင်ဖော်ပြထားသည့် စည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်အား ဖောက်ဖျက်သည့် ဝန်ဆောင်မှုအသုံးပြုသူများအား သင့်လျော်သောဥပဒေဖြင့် အရေးယူပိုင်ခွင့်ကို အပြည့်အဝ လုပ်ဆောင်ပိုင်ခွင့်ရှိသည်။