Better အကြောင်း​

Better ၏ ဆောင်ပုဒ်မှာ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတည်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသားများအား ဘဏ္ဍာရေးဝန်ဆောင်မှုများဖြင့် တဖက်တလမ်းမှ အကျိုးဆောင်ပေးသွားရန် ရည်ရွယ်ထားပါသည်။ ပြည်သူများ အနေဖြင့် မိမိနေ့စဉ်ဘဝအဆင့်အတန်းများ မြှင့်တင်နိုင်ရေးအတွက် Better မှ ပွင့်လင်းမြင်သာသော၊ လွယ်ကူသော၊ ဆန်းသစ်သော ဘဏ္ဍာရေး ဝန်ဆောင်မှုများကို customer များ အဆင်ပြေချောမွေ့စေသော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးသွားနိုင်ရန် အစဥ်အမြဲ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မှန်ကန်သော နည်းလမ်းများ ကျင့်ဝတ်များနှင့်အတူ တာဝန်ယူမှုရှိသော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်များနှင့် လူကြီးမင်းများ customer များလိုအပ်ချက်များအတိုင်း ဖြည့်စည်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
 
Better ၏ ဦးတည်ချက်မှာ ပြည်သူများအနေဖြင့် ကောင်းမွန်သော နောက်ဆုံးပေါ်နည်းပညာများနှင့် ၎င်းတို့၏ ဘဏ္ဍာရေးများကို ကျွန်ုပ်တို့နှင့်အတူ ဆောင်ရွက်နိုင်ပြီး အိမ်မက်များအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ပေးလိုပါသည်။ Better အနေဖြင့် ပြည်သူတစ်ဦးချင်းစီနှင့် စီးပွားရေးရှင်များ လိုအပ်သော ဘဏ္ဍာရေးဝန်ဆောင်မှုများကို လွယ်ကူစွာ လက်လှမ်းမီစွာဖြင့် အသုံးပြုနိုင်သော အနာဂတ်တစ်ခု တည်ထောင်လိုပါသည်။
 
Better အနေဖြင့် မြန်မာပြည်၏ ဘဏ္ဍာရေးကဏ္ဍများတွင် ပြည်သူများ ဘဏ္ဍာရေးဝန်ဆောင်မှုများကို လွယ်လွယ်ကူကူ ရရှိနိုင်ပြီး ပိုမိုကောင်းမွန်သော နေ့ရက်များစီသို့ အတူတူ ရောက်ရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ​

Better Combo ငှားရမ်းဝယ်ယူမှု အစီအစဉ်၏ အကျိုးကျေးဇူးများ

Yoma Strategic Holdings

Yoma Strategic Holding သည် Singapore Stock Exchage mainboard တွင် စာရင်းသွင်းထားသည်။ Yoma Strategic သည် မြန်မာနိုင်ငံတွင် လုပ်ငန်းစု ရင်းနှီးမြှပ်နှံမှုများနှင့်အတူ အိမ်၊ ခြံ၊ မြေ၊ ငွေကြေးဝန်ဆောင်မှု၊ စားသုံးသူနှင့် မော်တော်ယာဥ် ကဏ္ဍများတွင် အဓိက အားစိုက်ပြုလုပ်နေသော ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်သည်။ Yoma Fleet Limited သည် Yoma Strategic Holdings ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ လက်အောက်တွင် လည်ပတ်နေပါသည်။

First Myanmar Investment Public Company Limited

FMI သည် အစုရှယ်ယာရှင်များ ၈,၆၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး လွန်ခဲ့သော ၂၇နှစ်အတွင်းတွင် အောင်မြင်သော ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများ ရရှိထားသည်။ FMI ၏စွမ်းပကားသည် ၎င်း၏ ကွဲပြားသော ဗျူဟာလုပ်ငန်းစဥ်များ၊ ၎င်း၏ကျွမ်းကျင်ပိုင်နိုင်သော စီမံခန့်ခွဲမှုများ၊ အစုအဖွဲ့ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာရှိမှုတို့၌ တည်ရှိသည်။