Better အကြောင်း
Better Combo ငှားရမ်းဝယ်ယူမှု အစီအစဉ်၏ အကျိုးကျေးဇူးများ
- လျှင်မြန်ပြီး အခက်အခဲမရှိသော ဖောင်ဖြည့်ခြင်း လုပ်ငန်းစဉ်
- ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ သင့်စိတ်ကြိုက် စရန်ငွေပမာဏအား ရွေးချယ်နိုင်ခြင်း
- နှိုင်းယှဥ်နိုင်သော ဝန်ဆောင်ခနှုန်းများ
- လိုက်လျောညီထွေရှိသော ငှားရမ်းမှုအစီအစဥ်များ (၆ လ သို့မဟုတ် ၁၂လ)
- သင့်အတွက်သာ ကမ်းလှမ်းသော အထူးအကျိုးခံစားခွင့်များ
Yoma Strategic Holdings
Yoma Strategic Holding သည် Singapore Stock Exchage mainboard တွင် စာရင်းသွင်းထားသည်။ Yoma Strategic သည် မြန်မာနိုင်ငံတွင် လုပ်ငန်းစု ရင်းနှီးမြှပ်နှံမှုများနှင့်အတူ အိမ်၊ ခြံ၊ မြေ၊ ငွေကြေးဝန်ဆောင်မှု၊ စားသုံးသူနှင့် မော်တော်ယာဥ် ကဏ္ဍများတွင် အဓိက အားစိုက်ပြုလုပ်နေသော ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်သည်။ Yoma Fleet Limited သည် Yoma Strategic Holdings ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ လက်အောက်တွင် လည်ပတ်နေပါသည်။
First Myanmar Investment Public Company Limited
FMI သည် အစုရှယ်ယာရှင်များ ၈,၆၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး လွန်ခဲ့သော ၂၇နှစ်အတွင်းတွင် အောင်မြင်သော ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများ ရရှိထားသည်။ FMI ၏စွမ်းပကားသည် ၎င်း၏ ကွဲပြားသော ဗျူဟာလုပ်ငန်းစဥ်များ၊ ၎င်း၏ကျွမ်းကျင်ပိုင်နိုင်သော စီမံခန့်ခွဲမှုများ၊ အစုအဖွဲ့ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာရှိမှုတို့၌ တည်ရှိသည်။