“Better Combo” ဆိုတာဘာလဲ။?

“Better Combo” (“Better” by Yoma ဟုလည်းခေါ်သည်) သည်ကျွန်ုပ်တို့၏မိတ်ဖက်ဖြစ်သော Samsung နှင့်ပူးပေါင်းထားသော ငှားရမ်းဝယ်ယူသည့် အစီအစဥ်တစ်ခုဖြစ်ပြီး သင့်အားနောက်ဆုံးပေါ် မိုဘိုင်းဖုန်းများနှင့် တက်ဘလက်များအား သင့်တင့်သောစျေးနှုန်းများနှင့် လိုက်လျောညီထွေမှုရှိသော ငှားရမ်းဝယ်ယူမှုအစီအစဥ်တို့ဖြင့် အသုံးပြုနိုင်စေမည့် အစီအစဥ်တစ်ခုဖြစ်သည်။

“Better Combo” ကို မည်သူတို့လျှောက်ထားနိုင်ပါသလဲ။?

“Better Combo” အစီအစဥ်တွင် အကျုံး၀င်သော Yoma Car Share အဖွဲ့ဝင်များ၊ Wave Agent များနှင့် Grab Taxi Driver များကို SMS ဖြင့် အကြောင်းကြားမည်ဖြစ်ပြီး SMS ရရှိထားသူများသည် “Better Combo” ကို လျှောက်ထားနိုင်ပါသည်။

“Better Combo” အစီအစဥ်တွင် မည်သည့်ထုတ်ကုန်များ ရရှိနိုင်ပါသလဲ။?

“Better Combo” အစီအစဥ်တွင် Samsung ဖုန်းအမျိုးအစားများနှင့် တက်ဘလက်များ လတ်တလောရရှိနိုင်ပါသည်။

“Better Combo” အားမည်ကဲ့သို့လျှောက်ထားနိုင်ပါသနည်း။?
  1. နီးစပ်ရာ Samsung Store သို့မဟုတ် Better Combo ဝက်ဘ်ဆိုက်ဖြစ်သော combo.better.com.mm သို့သွားပါ။ 
  2. သင်၏အကောင့်အား စာရင်းသွင်းပါ။ 
  3. သင်၏အကောင့်အား စာရင်းသွင်းခြင်း အောင်မြင်ပါက ဖုန်းအမျိုးအစားကို ရွေးချယ်၍ အော်ဒါတင်ပါ။ 
  4. လိုအပ်သော စာရွက်စာတမ်းများနှင့် လျှောက်လွှာအားဖြည့်စွက်၍ မှာယူမှုအ‌သေးစိတ်အား စစ်ဆေးပါ။ 
  5. ထို့နောက် သင်၏ စိတ်ကြိုက် Samsung ဖုန်းနှင့် တက်ဘလက်များအား ဝယ်ယူရန် အသင့်ဖြစ်နေပါပြီ။ 
အကောင့်စာရင်းသွင်းခြင်း အောင်မြင်ကြောင်းကို မည်သို့သိရှိနိုင်မည်နည်း?

ကျွန်ုပ်တို့သည် အချက်အလက်ပြည့်စုံသော သင်၏အကောင့်စာရင်းသွင်းခြင်းအား စစ်ဆေးပြီးသည်နှင့် မိနစ်၃၀အတွင်း စာရင်းသွင်းခြင်း အောင်မြင်/မမြင်ကို SMS ဖြင့် အသိပေးသွားမည်ဖြစ်သည်။

ငှားရမ်းခနှုန်းထားမှာ မည်သို့ရှိမည်နည်း။?

ငှားရမ်းခနှုန်းထားများကို ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များ တွင် လေ့လာနိုင်သည်။

ငှားရမ်းဝယ်ယူနိုင်မည့်သက်တမ်းမှာ မည်မျှနည်း။?

ငှားရမ်းဝယ်ယူနိုင်မည့်သက်တမ်းမှာ ၆ လနှင့် ၁၂ လဖြစ်သည်။ မိမိအဆင်ပြေသော ငှားရမ်းဝယ်ယူနိုင်မည့် ကာလသက်တမ်းအား လိုက်လျောညီထွေစွာ ရွေးချယ်နိုင်ပါသည်။

ငှားရမ်းဝယ်ယူရန်အတွက် ကနဦးပေးချေငွေ ပေးချေရန်လိုအပ်သော အနည်းဆုံးနှင့် အများဆုံးပမာဏမှာ မည်မျှနည်း။?

ငှားရမ်းဝယ်ယူသည့်ပမာဏ၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ ကနဦးပေးချေငွေ ပေးချေနိုင်ပါသည်။

ဝန်ဆောင်ခနှုန်းထားများရှိပါသလား။?

ဝန်ဆောင်ခအနေဖြင့် ဝယ်ယူသော ပစ္စည်း၏ ၁ ရာခိုင်နှုန်းအား ပေးဆောင်ရမည်ဖြစ်သည်။ ငှားရမ်းဝယ်ယူသူသည် အငှားချထားသူအား တစ်ကြိမ်သာပေးဆောင်ရမည့် ဝန်ဆောင်ခဖြစ်သည့် ကုန်ပစ္စည်း၏ ၁ရာခိုင်နှုန်းအား ကုန်ပစ္စည်းမထုတ်ယူမီတွင် Better WavePay Biller အကောင့်မှ ပေးချေရမည်ဖြစ်ပြီး ထိုဝန်ဆောင်ခအား ပြန်လည်ရရှိနိုင်မည်မဟုတ်ပါ။

“Better Combo” အားလျှောက်ရန်အတွက် မည်သည့် လိုအပ်ချက်များလိုအပ်ပါသနည်း။?
  1. လျှောက်ထားသူသည် ရွေးချယ်ထားသော Yoma Car Share အဖွဲ့ဝင် သို့မဟုတ် Wave ‌အေးဂျင့် သို့မဟုတ် Grab Taxi Driver ဖြစ်ရမည်။ 
  2. လျှောက်ထားသူသည် “Better Combo” တွင် လျှောက်ထားနိုင်ကြောင်း SMS ရရှိသူဖြစ်ရမည်။ 
  3. လျှောက်ထားသူသည် အတည်ပြုထားသော WavePay အဆင့် ၂ ဖုန်းနံပါတ်အား ပေးဆောင်ရမည်။ 
  4. လျှောက်ထားရန်အတွက် သတ်မှတ်ထားသော အနည်းဆုံးလစာဝင်ငွေ ပြည့်မီသူဖြစ်ရမည်။ 
  5.  လျှောက်ထားသူသည် ကိုယ်ရေးအချက်အလက်များ၊ ဝန်ထမ်းအချက်အလက်များ၊ အာမခံပေးသူ၏ အချက်အလက် နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများအား ထောက်ပံ့ပေးနိုင်ရမည်။ 
“Better Combo” လျှောက်ထားရာတွင် အာမခံပေးသူလိုအပ်ပါသလား။?

Better Combo တွင်လျှောက်ထားနိုင်ရန်အတွက် အာမခံပေးသူလိုအပ်ပါသည်။ အာမခံပေးသူ၏ အမည်၊ မှတ်ပုံတင်၊ WavePay အကောင့် အဆင့် ၂ ဖုန်းနံပါတ်တို့အား တင်ပြပေးရမည်ဖြစ်သည်။ 

“Better Combo” လျှောက်ရန် မည်သည့် စာရွက်စာတမ်းများ လိုအပ်ပါသလဲ။?

လိုအပ်သော စာရွက်စာတမ်းများအား အောက်တွင်အသေးစိတ် ကြည့်ရှုပါ။ 

Yoma Car Share Member, Wave Agent, Grab Taxi Driver

  • မှတ်ပုံတင်
  • အိမ်ထောင်စုစာရင်း
  • နေရပ်လိပ်စာအထောက်အထား
  • မှတ်ပုံတင်ကို မိမိမျက်နှာအနီးတစ်ဝိုက်တွင်ထား၍ ကြည်လင်ပြတ်သားစွာ မိမိကိုယ်ကိုရိုက်ထားသော Selfie ပုံ
  • အာမခံပေးသူ၏ အမည်၊ မှတ်ပုံတင်၊ WavePay အကောင့် အဆင့် ၂ ဖုန်းနံပါတ်

ID-Selfie ဆိုတာဘာလဲ။?

ID-Selfie သည် နိုင်ငံသားမှတ်ပုံတင်အမှတ်/နိုင်ငံကူးလက်မှတ်အား သင်၏ မျက်နှာအနီးတွင်ထား၍ မိမိကိုယ်တိုင်ရိုက်ထားသော selfie ပုံကိုဆိုလိုသည်။ ပုံထဲရှိ နိုင်ငံသားမှတ်ပုံတင်အမှတ်/ နိုင်ငံကူးလက်မှတ် ပေါ်တွင်ရှိသော အချက်အလက်များသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်ရမည်ဖြစ်သည်။

နေရပ်လိပ်စာ အထောက်အထားဆိုသည်မှာ ဘာလဲ။?

နေရပ်လိပ်စာ အထောက်အထားဆိုသည်မှာ သင်၏ အမြဲတမ်းနေထိုင်ရာလိပ်စာ ပါဝင်သော ပြေစာကိုဆိုလိုသည်။ ဥပမာအားဖြင့် အင်တာနက်ဘေစာရွက်၊ အိမ်အငှားစာချုပ်၊ လိပ်စာပါရှိသော ဘဏ်စာအုပ်၏ ပထမစာမျက်နှာ ၊ လိပ်စာပါရှိသော ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် မီတာစာရွက် ကိုဆိုလိုသည်။

ကုမ္ပဏီဝန်ထမ်းဆိုသည်မှာ မည်သူတို့ကို ဆိုလိုပါသလဲ။?

ကုမ္ပဏီဝန်ထမ်းဆိုသည်မှာ ကုမ္ပဏီတစ်ခုတွင် အနည်းဆုံး ၆ လခန့် အလုပ်လုပ်နေပြီးလျက်ရှိသော အမြဲတမ်းဝန်ထမ်းဖြစ်ပြီး လစဥ် လစာပြေစာများကို ပြသပေးနိုင်သူဖြစ်သည်။

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဆိုသည်မှာ မည်သူတို့ကို ဆိုလိုသနည်း။?

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဆိုသည်မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအား လုပ်‌ဆောင်နေသူဖြစ်ပြီး ထိုလုပ်ငန်း၏ လစဥ် ဝင်ငွေ အထောက်အထားအား ပြသနိုင်သူဖြစ်သည်။

လက်မှတ်ထိုးထားသော စာချုပ်ဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်း။?

လက်မှတ်ထိုးထားသော စာချုပ်သည် ငှားရမ်းဝယ်ယူခြင်းအား သဘောတူညီကြောင်း လက်မှတ်ထိုးထားသည့် စာချုပ်ဖြစ်ပြီး Better Combo ၏ မှာယူမှု ပြုလုပ်သည့် စာမျက်နှာတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ ပထမဦးစွာ စာချုပ်ပါအချက်အလက်များအား သေချာစွာဖတ်ရှုပြီး လက်မှတ်ထိုးပါ။ ထို့နောက် “ပြီးပြီ”ကိုနှိပ်၍ စာချုပ်အား ဒေါင်းလုဒ်လုပ်ပါ။

မိမိလျှောက်ထားသော ငှားရမ်းဝယ်ယူမှုအခြေအနေအား မည်သို့သိရှိနိုင်မည်နည်း။?

လျှောက်ထားသော ငှားရမ်းဝယ်ယူမှုအခြေအနေများကို စာရွက်စာတမ်းအစုံအလင်ဖြင့် သင်၏ငှားရမ်းဝယ်ယူခြင်းလျှောက်ထားသည့်အချိန်မှစ၍ အလုပ်လုပ်ချိန် ၂၄နာရီအတွင်း အီးမေးလ်နှင့် SMS မှတစ်ဆင့် အသိပေးအကြောင်းကြားပေးသွားပါမည်။ Better Combo ဝက်ဘ်ဆိုက်၏ ကျွန်ုပ်၏အကောင့်ရှိ မှာယူမှုများထဲတွင် မှာယူမှုအခြေအနေအား စစ်ဆေးကြည့်ရှုနိုင်ပါသည်။

လျှောက်ထားသော ကုန်ပစ္စည်းအား မည်ကဲ့သို့ရယူနိုင်ပါသနည်း။?

သင်၏ငှားရမ်းဝယ်ယူမှုသည် အတည်ပြုခြင်းခံရပါက ကျွန်ုပ်တို့သည် နောက်ထပ်အဆင့်များအတွက် သင့်အား SMS နှင့် အီးမေးလ်မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။ အောက်ပါ နီးစပ်ရာ Samsung ဆိုင်များတွင် သွား‌ရောက်ထုတ်ယူနိုင်ပါသည်။

Inno City
Showroom Ph: 09880896885
အမှတ် (၅၅-၅၆-၅၇)၊ မြေညီထပ်၊ Inno City၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

 

Junction Square Branch 
Showroom Ph: 09 453387810
Junction Square၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

 

Junction City Branch 
Showroom Ph: 09 255569169
အမှတ် (၄၃၃), ၄ လွှာ၊ Junction City၊ ပန်းပဲတန်း မြို့နယ်၊ ရန်ကုန်။

 

လှည်းတန်း 
Showroom Ph: 09977233190
အမှတ် (၄၁)၊ ရန်ကုန်-အင်းစိန်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

 

သိမ်ဖြူ 
Showroom Ph: 09 977233177
အမှတ် (၁၂၉/၁၃၁), သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

 

မြန်မာပလာဇာ
Showroom Ph: 09 977233194
ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု (၁) လမ်း ထောင့်၊ Myanmar Plaza ဒုတိယထပ်၊ Living Square၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

 

ပန်းဆိုးတန်း
Showroom Ph: 09 977233235
ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

 

၇၈ လမ်း 
Showroom Ph : 09 977895028
No (D-2) ,78th Street,Between 27x28 Street,Chan Aye Thar San Township,Mandalay

 

35th Street Branch 
09 977233203, 977233203
No(112), 35th Street, Between 68th & 69th, Mandalay Myanmar

 

မင်္ဂလာမန္တလေး
09 977288212
ဘလောက် (၁)၊ ယူနစ် (၉)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်။

 

ပျဉ်းမနား
09 977233227
အမှတ် (၁၇၂၇) , ၁၃ လမ်း , ယုဇန လမ်း , ယုဇဈေးအနီး , ပေါင်းလောင်း (၂) ရပ်ကွက် ရွာကောက် ပျဉ်းမနား ။

 

လားရှိုး
09977233215
အမှတ် ( B-4/105) , သိန်းနီး လမ်း , (၂) ရပ်ကွက် , လားရှိုး ။

 

မုံရွာ
09977233214
အမှတ် (၄၀၂)၊ ဗိုလ်ချုပ်လမ်း၊ ဆူးလေကုန်းရပ်ကွက်၊ မုံရွာ။

 

ကလေး
09969926625
အမှတ် - ၃၆ / နယ်မြေ - ၄၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ သတိပဌာန်လမ်း၊ မဟူရာလမ်းသွယ်၊ ကလေးမြို့။

 

မကွေး
09977233220
အမှတ် - ၂၈၁၊ သဇင်လမ်းနှင့် ၁၄ လမ်းထောင့်၊ ရန်မျိုးအောင် ရပ်ကွက်၊ မကွေး။

 

ပခုက္ကူ
09969926654
အိမ်အမှတ်(38)/အမှတ်(6)ရပ်ကွက်၊ အောင်မဂ်လာလမ်းနှင့် ရာဇပတလမ်းကြား၊ ဂန္ဓာရုံလမ်း၊ ပခုက္ကူ ။

 

မိတ္ထီလာ
09969926613
ရွှေနှင်းဆီလမ်း၊ ပေါက်ချောင်းရပ်ကွက်၊ မိတ္ထီလာ။

 

ရွှေဘို
09969926610
အမှတ်(၇)၊ ဆိပ်ခွန်စု၊ ထိပ်တန်းလမ်း၊ ရွှေဘို။

 

မြစ်ကြီးနား
09977233156
အမှတ် (၅၃၅)၊ အမှတ် ၂ ရဲစခန်းလမ်း၊ ခမာသီရိရပ်ကွက်၊ ၄လမ်း၊ မြစ်ကြီးနား။

 

တောင်ကြီး
09977233184
အမှတ် (q/52)၊ ပတ္တမြားလမ်း၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီး၊ ရှမ်းပြည်တောင်ပိုင်း။

 

လွိုင်ကော်
09969926631
မ/၁၉၇၊ ယုဇနလမ်း၊ မင်္ဂလာရပ်ကွက်၊ လွိုင်ကော်။

ကျွန်ုပ်၏ ငှားရမ်းဝယ်ယူမှုအတွက် လစဥ်ပြန်ဆပ်ငွေအား မည်ကဲ့သို့ပေးချေရမည်နည်း။?

သင်၏ ငှားရမ်းဝယ်ယူမှုအတွက် လစဥ်ပြန်ဆပ်ငွေအား WavePay Biller Account မှတစ်ဆင့်ပေးချေနိုင်ပါသည်။ WavePay တွင်ရှိသော “Better” Biller Account မှတစ်ဆင့်ငွေပေးချေပုံနည်းလမ်းများကို ကျေးဇူးပြု၍ အောက်တွင် ကြည့်ရှုပါ။  

  • ဘေပေးချေမှုများအောက်ရှိ ချေးငွေသို့ဝင်ရောက်ပြီး “Better” Logo အားရွေးချယ်ပါ။ 
  • အမည်၊ အော်ဒါ ID၊ မှတ်ပုံတင်နှင့် ငွေပေးချေရမည့် ပမာဏအား ဖြည့်စွက်ပြီး ဆက်လက်လုပ်ဆောင်မည်ကိုနှိပ်ပါ။ 
  • သင်၏ လစဥ်ပေးချေမှုအတွက် ငွေလွှဲခြင်းလုပ်ငန်းစဥ်သည် အောင်မြင်ပြီဖြစ်ပြီး ကျွန်ုပ်တို့မှ ငွေလွှဲထားမှုအား စစ်ဆေးမည်ဖြစ်သည်။ 
ကျွန်ုပ်သည် လစဥ်ပြန်ဆပ်ငွေ ပေးချေရန်အတွက် နောက်ကျခဲ့ပါက မည်သို့ဖြစ်နိုင်သနည်း။?

သင်၏လစဥ်ပြန်ဆပ်ငွေပေးချေမှုသည် နောက်ကျခဲ့ပါက သင်၏ငှားရမ်းဝယ်ယူမှု စတင်လျှောက်ထားစဥ်က ဖြည့်သွင်းခဲ့သော ဖုန်းနံပါတ်ဖြစ်သည့် အတည်ပြုထားသော WavePay အကောင့်မှ တိုက်ရိုက်ဖြတ်တောက်သွားမည်ဖြစ်သည်။

ငှားရမ်းဝယ်ယူမှု ပြန်ဆပ်ရမည့်နေ့တွင် ကျွန်ုပ်၏ WavePay အကောင့်တွင် ပြန်ဆပ်ရန်ပမာဏ လုံလောက်မှု မရှိခဲ့ပါက မည်သို့ဆက်ဖြစ်နိုင်မည်နည်း။?

သင်၏ WavePay အကောင့်တွင် ရနိုင်သောပမာဏကို ကျွန်ုပ်တို့မှ နုတ်ယူမည်ဖြစ်ပြီး ငှားရမ်းဝယ်ယူမှုပြန်ဆပ်ရမည့်နေ့တွင် ပြန်ဆပ်မှုမအောင်မြင်ပါက ပြန်ဆပ်မှုနောက်ကျသည့်အတွက် ဒဏ်ကြေးငွေများ ပေးဆောင်ရမည်ဖြစ်သည်။

ဒဏ်ကြေးငွေအား မည်ကဲ့သို့တွက်ချက်၍ကောက်ခံပါသနည်း။?

နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး နောက်ကျသောရက်အလိုက်တွက်ချက်သွားမည်ဖြစ်သည်။

ငှားရမ်းဝယ်ယူမှုအတွက် ကျန်ရှိနေသော ပမာဏများအားလုံးကို စောစောပြန်ဆပ်လိုပါက မည်သို့ဖြစ်မည်နည်း။

သင်၏ငှားရမ်းဝယ်ယူမှုအတွက် ကျန်ရှိနေသော ပမာဏများအားလုံးကို စောစောပြန်ဆပ်နိုင်ပြီး ၎င်းအတွက် မည်သည့်အခကြေးငွေကိုမျှ ကျွန်ုပ်တို့ကောက်ခံမည်မဟုတ်ပါ။ စောစောပြန်ဆပ်ခြင်းအတွက် ငှားရမ်းခများ သို့မဟုတ် အခကြေးငွေများ လျော့ချပေးခြင်းမျိုးရှိမည်မဟုတ်ပါ။

ကျွန်ုပ်တွင် WavePay အကောင့်သို့ လွှဲပြောင်းရာတွင် အခက်အခဲရှိ၍ ပြန်ဆပ်ရမည့် နောက်ဆုံးရက်ကို လွတ်သွားပါသည်။ မည်သို့ဆက်ဖြစ်နိုင်ပါသနည်း။?

သင်၏ WavePay အကောင့်မှ ရရှိနိုင်သော ပမာဏကို ကျွန်ုပ်တို့ နုတ်ယူပါမည်။ သင်သည် သက်ညှာကာလ အနေဖြင့် ၅ ရက်ရရှိမည်ဖြစ်ပြီး ဤ ၅ ရက်အတွင်း လစဉ်ပြန်ဆပ်ရမည့်ပမာဏကို ပေးချေရမည်ဖြစ်သည်။ ထပ်မံနောက်ကျပါက နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်သည်။ အခြားငွေပေးချေမှုနည်းလမ်းများနှင့်ပေးချေလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။

ကျွန်ုပ်သည် “Better Combo” ငှားရမ်းဝယ်ယူမှုအစီအစဥ်အား ဒုတိယအကြိမ်လျှောက်ထားနိုင်ပါသလား။?

ပထမအကြိမ်အတွက် ပေးရန်ရှိနေသော ပမာဏအားလုံးအား ပေးချေပြီးနောက် သင့်အနေဖြင့် “Better Combo” ငှားရမ်းဝယ်ယူမှု အစီအစဥ်အား ဒုတိယအကြိမ်လျှောက်ထားနိုင်ပါသည်။

မေးမြန်းလိုသည်များရှိပါက မည်သို့ဆက်သွယ်နိုင်မည်နည်း။?

“Better Combo” ငှားရမ်းဝယ်ယူမှုနှင့်ပတ်သတ်၍ မေးမြန်းလိုသည်များရှိပါက - Better Hotline : 09949238837 or 09949BETTER နှင့် အီးမေးလ် hello@better.com.mm သို့ ၂၄/၇ ဆက်သွယ်နိုင်ပါသည်။